Corona Tracker အကြောင်း

CORONATRACKER.com သည် အချက်အလက်ဆိုင်ရာ သိပ္ပံပညာရှင်များ၊ ဆေးဘက်ဆိုင်ရာပညာရှင်များ၊ UI / UX ဒီဇိုင်နာများ၊ ဘက်စုံ developer များမှ သာမန်လူထုအထိ ကမ္ဘာအနှံ့မှစေတနာ့ ၀န်ထမ်း ၄၆၀ ကျော်ဖြင့်ဖွဲ့စည်းထားသော လူထုအခြေပြုစီမံကိန်းဖြစ်သည်။

အများပြည်သူအတွက် COVID-19 နှင့်ပတ်သက်သည့် နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာသတင်းအချက်အလက်များကို မျက်ခြေမပြတ်စေရန်လမ်းညွှန်အဖြစ် ဆောင်ရွက်ရင်း အနာဂတ် လေ့လာမှုများအတွက် အချက်အလက်များ စုဆောင်းပေးမည်ဖြစ်သည်။ အများပြည်သူအတွက် အကောင်းဆုံးအကျိုးပြုနိုင်ရန် သတင်းရင်းမြစ်များအား လိမ်လည်မှုများနှင့်သတင်းအတုအယောင်အနည်းဆုံးဖြင့်ယုံကြည်စိတ်ချရမှုရှိစေရန် ပါဝင်သည့်အရာအားလုံးကို စေတနာ့ဝန်ထမ်းများမှရွေးချယ်ခြင်း၊ စစ်ထုတ်ခြင်း၊ တည်းဖြတ်ခြင်း တို့ကိုအတတ်နိုင်ဆုံးကြိုးစားခဲ့ကြပါသည်။ ကျွန်ုပ်တို့၏အဖွဲ့မှစစ်ဆေးခြင်းမပြုမီ သတင်းအရင်းအမြစ်အမျိုးမျိုးနှင့် လူမှုမီဒီယာပလက်ဖောင်းများတွင် အဓိပ္ပါယ်ရှိသောအကြောင်းအရာများကိုခွဲခြားသတ်မှတ်ရန် သဘာဝဘာသာစကားထုတ်ယူခြင်း (NLP) ကိုအသုံးပြုထားပါသည်။

CORONATRACKER.com သည် အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှု ( ဥပမာ ဗိုင်းရပ်စ်၏ ပွားများမှုနှင့်ပျံ့နှံ့မှုကိုစောင့်ကြည့်ရန်အချိန်အပိုင်းအခြား အတွဲများ ) နှင့် ဒေသအလိုက်သတင်းများ ( ဥပမာ မလေးရှားနှင့်ပတ်သက်သောသတင်းများ၊ KL သီးသန့် ) အတွက်လည်း ရည်ရွယ်ပါသည်။ သတင်းအချက်အလက်များပေါင်းစုခြင်းသည် ဤပလက်ဖောင်း ၏အသက်ဖြစ်ပြီး စုဆောင်းရသမျှအချက်အလက်များကို အများပြည်သူအား သုံးစွဲခွင့်ပြုထားပါသည်။ ဤစီမံကိန်းမှာ ရာနှုန်းပြည့် open source ဖြစ်ပြီး သတင်းအချက်အလက်နှင့် ပုံနှိပ်နိုင်သောအချက်အလက်များကို Github တွင်လည်းရရှိနိုင်ပါသည်။ မည်သူ့ကိုမဆို ကျွန်ုပ်တို့ Telegram Channel မှတဆင့် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ပါသည်။

ကျွန်ုပ်တို့၏ အချက်အလက်ဆိုင်ရာ ပညာရှင်များသည် OSEMN မူဘောင်ကိုအသုံးပြုပြီး စုဆောင်းခြင်း၊ သန့်စင်ခြင်း၊ စူးစမ်းခြင်း၊ ပုံစံချခြင်းတို့နှင့် ကိုယ်ပိုင်ခွဲခြမ်းစိတ်ဖြာမှုကို ဆောင်ရွက်ကြပါသည်။ အများပြည်သူ နားလည်လွယ်အောင် ပုံပြ အနှစ်ချုပ် ဇယားများနှင့်ပါဖော်ပြထားပါသည်။ စုဆောင်းခဲ့သည့် အချက်အလက်များမှတဆင့် စက်ဖြင့်လေ့လာသည့်ပုံစံကို မကြာမီ တည်ဆောက်နိုင်မည်ဟု မျှော်လင့်ပါသည်။

ကျွန်ုပ်တို့အတွက် John Hopkins တက္ကသိုလ်မှ သတင်းအချက်အလက်ပြည့်စုံလွန်းသည့် Coronavirus ပြန့်ပွားသည့်မြေပုံက တွန်းအားတစ်ခုဖြစ်စေခဲ့သည်။ နက်နဲစွာခွဲခြမ်းစိတ်ဖြာရန် အတွက် အချက်အလက်များကို ကွဲပြားခြားနားသောသတင်း portal များနှင့် ဘာသာစကားအမျိုးမျိုးမှ ပြန့်ကြဲနေသောအချက်အလက်ရင်းမြစ်များအား စုဆောင်းရန်အခက်အခဲကိုလည်းကျွန်ုပ်တို့ သဘောပေါက်နားလည်ထားပါသည်။

အလုပ်များကို လဆန်းနှစ်သစ်၏ပထမနေ့ဖြစ်သောဇန်နဝါရီ ၂၅ ရက်တွင်စတင်ခဲ့သည်။ ကျွန်ုပ်တို့အဖွဲ့သည်၎င်းကိုအောင်မြင်စေရန် မဆုတ်မနစ်ကြိုးစားလုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့တွင်တရားဝင်ဖွင့်လှစ်ခဲ့သည်။

ကျွန်ုပ်တို့သည် ဗိုင်းရပ်စ်ရောဂါ တိုက်ပွဲ အောင်နိုင်မှုအတွက် နည်းပညာကိုအသုံးပြုရန်၊ သတင်းအချက်အလက်ပိုမိုရရှိစေရန်နှင့် ကမ္ဘာအနှံ့ရှိအရည်အချင်းရှိသူများကိုစုဆောင်းရန် ရည်ရွယ်သည်။

သတင်းရင်းမြစ်

ဤနေရာတွင်အဖွဲ့မှရွေးချယ်ထားသည့်ရင်းမြစ်များစာရင်းကိုသင်တွေ့ရှိနိုင်သည်။
ခေါင်းစဥ် ဖော်ပြချက် သတင်းရင်းမြစ်
Discovery of a novel coronavirus associated with the recent pneumonia outbreak in humans and its potential bat origin Jasper Fuk-Woo Chan နှင့်လုပ်ဖော်ကိုင်ဖက်များ၏အစီရင်ခံစာတွင် COVID-19 လူနာများအားစောင့်ရှောက်သည့်ကျန်းမာရေးလုပ်သားများတွင်ရောဂါကူးစက်မှုများမှတ်တမ်းတင်ထားခြင်းသည်လူမှလူသို့ကူးစက်ခြင်းကိုပြသသောကြောင့်ရောဂါပိုမိုကျယ်ပြန့်စွာပျံ့နှံ့နိုင်သည်။ The Lancet
Another year, another coronavirus ဆယ်စုနှစ်များစွာအတွင်းတတိယအကြိမ်တွင် zoonotic coronavirus သည် လူသားမျိုးစိတ်များကို ကူးစက်စေခဲ့သည်။ COVID-19 ဟုခေါ်သောဤဗိုင်းရပ်စ်ကို ပင်လယ်စာ၊ သား၊ ငါး စျေး နှင့် ထိတွေ့သူများ ရှိရာ တရုတ်နိုင်ငံဝူဟန်၌ပထမဆုံးတွေ့ရှိ ခဲ့သည်။ The New England Journal of Medicine
Wuhan Coronavirus (COVID-19) Global Cases (by JHU CSSE) အစီရင်ခံထားသည့်အမှုများကို အချိန်နှင့်တပြေးညီ လွယ်လွယ်ကူကူ တစ်နေရာထဲတွင် ကြည့်ရှုနိုင်နိုင်သည်။ John Hopkins University
အထက်ပါအရင်းအမြစ်အချက်အလက်များသည်မမှန်ကန်ကြောင်းသင်ယုံကြည်ပါကအောက်ပါအချက်အလက်များကို အသုံးပြု၍ အစီရင်ခံစာတင်ပါ Form.

နောက်ကွယ်မှလူများ CoronaTracker

Dr. Lau Cher Han

Project ခေါင်းဆောင်

Dr. Lau Cher Han
Hafeez Nazri
Data ပညာရှင်ခေါင်းဆောင်
Hafeez Nazri
Tan Wei Seng
Engineer ခေါင်းဆောင်
Tan Wei Seng
Shian Poon
Developer ခေါင်းဆောင်
Poon Chee Him/Shian
Dominic Ligot
လေ့လာသုံးသပ်သူ
Dominic Ligot
Ummi Hasanah Zaidon
ဆက်ဆံရေ ခေါင်းဆောင်
Ummi Hasanah Zaidon
Marcus Chia
Product ခေါင်းဆောင်
Marcus Chia
Dr. Fairoza Amira Binti Hamzah
သုတေသီ ခေါင်းဆောင်
Assistant Professor Dr. Fairoza Amira
Binti Hamzah

Team Public Relations